



Description
ပိုတက်(ရ်)ဓာတ်မြေဩဇာ
(စျေးနှုန်း 'အပြောင်းအလဲ' ရှိနိုင်ပါသည်။)
10 အိတ်နှင့် အထက်ဝယ်ယူပါကရန်ကုန်မြို့တွင်းအခမဲ့ပို့ဆောင်မူ့နှင့်နယ်မြို့များအတွက်ကားဂိတ်အရောက်အခမဲ့ပို့ဆောင်ပေးပါမည်။
အကျိူးကျေးဇူးများ
ပိုတက်စီယမ်(K) ပြာဓာတ်ကို ထောက်ပံ့ပေးပါသည်။
အမြစ်သန်စွမ်းမှု့ ကို များစွာထောက်ပံ့ပေးပါသည်။
ပရိုတင်းဓာတ်ဖြစ်ပေါ်ခြင်း၊အစာချက်လုပ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်သည်။
အသီး၊အစေ့၊အဆံတို့၏ အရည်အသွေးတိုးတက်ကောင်းမွန်စေပါသည်။
ရာသီဥတုဖောက်ပြန်မှုဒဏ်၊ပိုးမွှားကျရောက်မှု့နှင့် အပင်ရောဂါဒဏ်များကို ခံနိုင်ရည်ရှိပါသည်။
မြေဆီလွှာရှိ အဟာရများ၊သဘာဝမြေဩဇာများ၊ဓာတ်မြေဩဇာများကို သီးနှံပင်များမှ စုပ်ယူစားသုံးနိုင်ရန်နှင့်
ချက်လုပ်ပြီး အစာများကို အပင်၏လိုအပ်သောနေရာများသို့ ပြန်လည်ပို့ဆောင်ပေးပါသည်။
အသုံးပြုပုံ
စပါး၊ကြက်သွန်၊ခရမ်းချဉ်၊စပျစ်၊ကြံ၊ဖရဲ၊သခွားမွှေး၊ပြောင်းဖူး
(၁)ဧကလျှင် (၅၀-၁၀၀)Kg အထိအသုံးပြုနိုင်ပါသည်။
ပဲမျိုးစုံ၊မြေပဲ
(၁)ဧကလျှင် (၅၀-၇၅)Kg အထိအသုံးပြုနိုင်ပါသည်။
စပါးခင်းတွင် မြေခံအဖြစ်တစ်ကြိမ်၊စိုက်ပြီး(၃၀)ရက်သားတွင် တစ်ကြိမ်၊
မှိုမကပ်မှီ တစ်ကြိမ် အနည်းဆုံး(၃)ကြိမ် ခွဲကျွေးရပါမည်။
ကြက်သွန်၊စပျစ်၊ခရမ်းချဉ်၊ဖရဲ၊သခွားမွှေး၊ပြောင်းဖူး၊ငရုပ် သီးနှံ များတွင် မြေခံ(၁)ကြိမ်၊စိုက်ပြီး (၂၀-၃၀)
ရက်တွင် (၁)ကြိမ်၊အနည်းဆုံး(၂)ကြိမ်ခွဲကျွေးရပါမည်။
ယာယီသီးနှံများတွင် မြေခံအဖြစ် အသုံးပြုနိုင်ပါသည်။
ပါဝင်ပစ္စည်းများ
K2O > 60%
Color :Red