



Description
ကွန်ပေါင်းဓာတ်မြေဩဇာ-NPK 15-15-15-7S
10 အိတ်နှင့် အထက်ဝယ်ယူပါကရန်ကုန်မြို့တွင်းအခမဲ့ပို့ဆောင်မူ့နှင့်နယ်မြို့များအတွက်ကားဂိတ်အရောက်အခမဲ့ပို့ဆောင်ပေးပါမည်။
အကျိုးကျေးဇူးများ
သီးနှံပင်တိုင်းအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များဖြစ်သည့် NPK ဓာတ်များ အလုံးတိုင်းတွင် အချိုးညီစွာပါဝင်သောကြောင့် အာဟာရဓာတ် တစ်ခုခြင်းစီ၏ အာနိသင်များကိုစုပေါင်းပြီး ရရှိနိုင်ပါသည်။အပင်၏ အမြစ်ကြီးထွားမှုကို အားပေးခြင်း၊ အခြား အာဟာရဓာတ်များ ကောင်းစွာ ရရှိနိုင်ရန် ဆောင်ရွက်နိုင်ခြင်း၊
အပင်၏ လိုအပ်သော အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ အပင်ပိုင်းဆိုင်ရာကြီးထွားမှု ကောင်းမွန်စေခြင်း၊အနှံကြီးထွားမှုကို အားပေးခြင်း၊ ပန်းပွင့်မျိုးစေ့များ ဖြစ်ပေါ်စေခြင်း၊ အစေ့ အဆံ ပြည့်ဝပြီး အရည်အသွေးကောင်းမွန်စေခြင်း၊ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်တိုးမြင့်ပေးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
ကောက်ပဲ သီးနှံတို့၏ လိုအပ်သော အာဟာရဓာတ်များနှင့် ကိုက်ညီပြီး စီမံထုတ်လုပ်ထားသောကြောင့် ဤမြေဩဇာကို အသုံးပြုခြင်းအားဖြင့်အထွက်နှုန်း ပိုမို ရရှိပြီး ဝင်ငွေ တိုးမြင့်မား လာစေနိုင်ပါသည်။
အသုံးပြုပုံ
·
မြေအမျိုးအစားမရွေး သီးနှံပင်တိုင်း (စပါးနှင့် နှံစားသီးနှံပင်များ၊ ဆီထွက်သီးနှံပင်များနှင့် ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ၊ပန်းမံ)ကို မြေခံအဖြစ် အသုံးပြုနိုင်ပါသည်။
· သီးနှံ အမျိုးအစားနှင့် မြေကိုလိုက်ပြီး တစ်ဧကလျှင် (၅၀ ကီလို) သို့မဟုတ် (၁-၂)အိတ်အထိ အသုံးပြုနိုင်ပါသည်။
ပါဝင်ပစ္စည်းများ
(N) :
15.0%
(P2O5) : 15.0%
(K2O) :
15.0%
(S) : 7.0%
Moisture : 2.0%